ကိုယ့်ချစ်သူ ကောင်မလေးထက် အပေးကြမ်းတဲ့ မမ မလွှဲသာလို့ သာ ရီလေးမှာ စက်ဘီးကို ဆွဲပြီး ထွက်လာရသည်။ ဒီကြည်ကြည်အေး ဆိုသော မိန်းမဆီကို သွားချင်တာမ ဟုတ်ပေ။ ဒီမိန်းမက ရပ်သိရွာသိ နှာဘူးမဖြစ်သည်။ အသက်က သုံးဆယ်လောက်။ လူကတော့ လှသည်။ မိန်းမချင်း မနာလို လောက်အောင် လှသည်။ သူက ဈေးရုံထဲတွင် ကလေးဝတ် အဝတ်အစားလေးတွေ ရောင်းသည်။ ဒါပေမယ့် ဒါက အဓိက အလုပ်မဟုတ်။ ဈေးထဲတွင် နေ့ပြန်တိုးပေးတာက ကြည်ကြည်အေး၏ အဓိကအလုပ်ဖြစ်သည်။ ကြည်ကြည်အေးဆိုင်မှာက ကောင်လေးတွေ တရုန်းရုန်းနဲ့ အမြဲစည်ကားနေသည်။ ရီလေးမှာ ကြည်ကြည်အေးကို ကြည့်လို့ရတာမဟုတ်။ ကြည်ကြည် အေးက မုဆိုးမဆိုပေမယ့် အပျိုရှုံးလောက်အောင်ကို ဝတ်စားပြင်ဆင်သည်။ သေသွားသော ယောက်ျားထားခဲ့သည့် စီးပွား ဥစ္စာများနှင့် ချမ်းသာနေသည်။ ရင်ထဲက ဘယ်လိုပဲ မကျေနပ်ပေမယ့် တကယ့် တကယ်မှာတော့ ရီလေးမှာ ကြည်ကြည်အေး နှင့် မကင်းနိုင်ပါ။ မနက်ဖြန် မနက် အမေ့ကို ဆေးခန်းပြရမည်။ ဒါကြောင့် လိုသောငွေကို ကြည်ကြည်အေးထံမှ ယူရမည်။ အမေ့နှလုံးရောဂါက တစ်လတစ်ကြိမ် ဆေးခန်းသွားပြရသည်။ ဆေးခန်းက အထူးကုဆရာဝန်ကြီး၏ ဆေးခန်းဆိုတော့ ငွေ ကလိုသည်။ ရီလေး အပ်ချုပ်ဆိုင်က ချုုပ်ရတယ်ဆိုပေမယ့် လိုသလောက်တော့ မရနိုင်။ ဒါကြောင့...